Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Salesians of Don Bosco SDB

   SDB General  လက်ရှိမြန်မာပြည်အကြီးအကဲ ဖာသာရ်ဘောစကိုဇေယျာအောင် (SDB)

#ဒွန်ဘော့စကို၏ ဆလေးရှင်းများ
အသင်းဂိုဏ်း၏ တရားဝင် အမည် - ရဟန္တာ ရှင်ဖရန်စစ် ဒီဆေးလ်၏ အသင်းဂိုဏ်း
အသင်းဂိုဏ်း၏ လူသိများသောအမည်- ဒွန်ဘော့စကို၏ ဆလေးရှင်းများ (SDB)
အသင်းဂိုဏ်းတည်ထောင်သည့်နေ့- ၁၈ ၊ ဒီဇင်ဘာလ ၁၈၅၉
အသင်းဂိုဏ်းတည်ထောင်သူ- ရဟန္တာ ရှင်ဂျွန်ဘော့စကို
ဆလေးရှင်းအသင်းသားဦးရေ- ၁၄၄၈၆ (၁၄၀၅၆ ကိုရင်လောင်းများနှင့် ဆရာတော်များ မပါဝင်)
နိုင်ငံပေါင်း- ၁၃၃ နိုင်ငံ
အသင်းဂိုဏ်းရှိ နယ်ပယ်များ- ၇
နယ်စီးဒေသများ- ၉၀
ဆလေးရှင်းမိသားစုဝင်အဖွဲ့အစည်းများ- ၃၂

#ကျွန်ုပ်တို့သည် မည်သူများဖြစ်ကြသနည်း။
ဒွန်ဘော့စကို၏ ဆလေးရှင်းများဖြစ်ကြသော ကျွန်ုပ်တို့သည် ၁၉ ရာစုနှစ်မှာ ရှင်သန်ခဲ့သည့် ပညာ ပေးသူ ဘုန်းတော်ကြီး ရဟန္တာ ရှင်ဂျွန်ဘော့စကိုမှ တည်ထောင်ထားသော သူတော်စင်အသင်းဂိုဏ်းတစ်ခု ဖြစ်ပါသည်။ အသင်းဂိုဏ်း၏ တရားဝင်အသိမှတ်ပြုထားသော အမည်မှာ ဆေးလ်မြို့သား ရဟန္တာ ရှင်ဖရန်စစ်၏ အသင်းဂိုဏ်း ဖြစ်သည်။ ဆလေးရှင်းအသင်းဂိုဏ်းကို ပုပ်ရဟန်းမင်းကြီး အသိမှတ်ပြုထားသော လူငယ်တမန်တော် လုပ်ငန်းများ ဆောင်ရွက်သည့် ရဟန်းကိုရင် သူတော်စင်အသင်းဂိုဏ်းအဖြစ် ကက်သလစ် သာသနာတော်အတွင်း၌ တရားဝင် အသိမှတ်ပြုထားသည်။ ကျွန်ုပ်တို့သည် အမျိုးသား သူတော်စင် အသင်းဂိုဏ်းဖြစ်ပြီး ခရစ်ယာန် မေတ္တာလမ်းစဉ်နှင့်အညီ ချမှတ်ထားသော တမန်တော်လုပ်ငန်းများ၊ သာသနာ့ လုပ်ငန်းဆောင်တာများ အထူးသဖြင့် ဆင်းရဲနွမ်းပါးသော လူငယ်များအတွက် ပညာပေး အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိမိတို့အသက်တာအား အစေခံလျှက် ပူဇော်အပ်နှံထားသူများဖြစ်ကြသည်။
ကျွန်ုပ်တို့ အမှုတော်ထမ်းသည့် တိုင်းနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုတန်ဖိုးများကို လက်ခံကျင့်သုံးလျှက် နိုင်ငံအတွင်း နေထိုင်သူ လူများအား သိမှတ်နားလည်ရန်နှင့် ထိုသူတို့၏ ယဉ်ကျေးမှုများအား ကြိုဆိုလက်ခံကာ ဧဝံဂေလိတရားတော်ကို ဆောင်းကျဉ်းဖြန့်ဝေပေးကြသည်။ လူငယ်များ၏ လိုအပ်ချက်များနှင့် ကာလံ ဒေသအလိုက် လိုအပ်မှုများကို ရှေ့ရှုလျှက် သာသနာတော်နှင့်အတူ သာသနာအတွင်း၌ သိုးထိန်းတမန်တော် လုပ်ငန်းများကို ဆောင်ရွက်ကြကာ ပို၍ တရားမျှတပြီး ညီရင်းအစ်ကိုပမာ ချစ်ခင်ပျော်ရွှင်ဖွယ်ကောင်းသော ကမ္ဘာသစ်တစ်ခုကို ခရစ်တော်၌ ဦးတည် ဖန်တီးပေးရန် ကြိုးစားလျှက်ရှိသည်။ ကျွန်ုပ်တို့ ဆလေးရှင်းများသည် ကမ္ဘာနှင့် အဝှမ်း နိုင်ငံပေါင်း (၁၃၃) နိုင်ငံ၌ လူငယ်များအတွက် အကျိုးပြုလုပ်ငန်းများထမ်းရွက်နေကြသည်။
ဆလေးရှင်းများသည် မြန်မာနိုင်ငံသို့ ၁၉၃၉ ခုနှစ်မှစ၍ ဝင်ရောက်လာကာ လူငယ်တမန်တော်လုပ်ငန်းများ သယ်ပိုးနေကြသည်။ ဆလေးရှင်းလုပ်ငန်းများသည် တစ်နေ့တစ်ခြား ကျယ်ပြန့်တိုးပွားလျှက်ရှိကာ အကျိုးရလဒ်အနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ သာသနာပေါင်း (၅) ခုတွင် တည်ရှိနေကြပြီး ဘုရားကျောင်း စီရင်စုများ၊ ဘော်ဒါကျောင်းများ၊ လူငယ်အသက်မွေးပညာသင်ကျောင်းများနှင့် တမန်တော် လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြသည်။ မြန်မာနိုင်ငံ ဆလေးရှင်းအသင်းဂိုဏ်းအတွင်း၌ လက်ရှိတွင် ကာဒီနယ် ရဟန်းအမတ် (၁) ပါး၊ သာသနာပိုင် ဂိုဏ်းအုပ် ဆရာတော် (၁) ပါး၊ ကိုရင်လောင်း (၈)ပါး တို့ အပါအဝင် အသင်းသား ဦးရေ (၆၈) ဦး အရေအတွက်အားဖြင့် ရှိပါသည်။

ဒွန်ဘော့စကို၏ ဆလေးရှင်းများအသင်းဂိုဏ်း Salesians of Don Bosco (SDB)

အသင်းဂိုဏ်း၏ သမိုင်းအကျဉ်း

            ဂျော်နီဘော့စကိုသည် ၁၈၁၅ ခုနှစ် သြဂုတ်လ (၁၆)ရက်နေ့တွင် ဆင်းရဲရိုးသားသည့် လယ်သမားမိသားစုမှ အီတလီမြောက်ပိုင်း၊ တူရင်မြို့ ဘက်ကီရွာတွင် မွေးဖွားခဲ့ပါသည်။ အသက် ၂နှစ်အရွယ်မှာ ဖခင်ဆုံးပါးသွားပြီးနောက် မိခင်မာဂရက်၏ လမ်းညွန်ပဲ့ပြင်မှုအောက်မှာ ကြီးပြင်းရှင်သန် ခဲ့ရသည်။ ခက်ခဲကြမ်းတမ်းသော ဘဝစိန်ခေါ်မှုများစွာကို ကျော်လွှားဖြတ်သန်းရင်း ၁၈၄၁ခုနှစ်တွင် ရဟန်းတစ်ပါး ဖြစ်လာခဲ့သည်။ ဂျွန်ဘော့စကို မွေးဖွားကြီးပြင်းခဲ့ရသည့် ခေတ်ကာလချိန်သည် စက်မှုခေတ်ပြောင်း တော်လှန်ရေးများနှင့် တိုင်းပြည်အတွင်း ဂယက်ရိုက်ကာ လူငယ်များလည်း အလုပ်လက်မဲ့ဖြစ်နေကြသည့်အချိန် ဖြစ်သည်။ ခိုကိုးရာမဲ့ အနာဂတ်ပျောက်နေသောလူငယ်များအား ကူညီချင်စိတ်ပြင်းပြသောကြောင့် သူတို့နှင့်အတူ လျှောက်လှမ်းခရီးပြုရင်း ဝိညာဉ်ရေးရာ ကာယရေးရာ အကူအညီများ ပေးရာမှ ၁၈၅၉ခုနှစ်တွင် အသင်းဂိုဏ်းတည်ထောင်ရသည်အထိ သူ၏လူငယ်လုပ်ငန်းသည် ကြီးမားကျယ်ပြန့်လာခဲ့သည်။ ပင်ကိုယ်က ဒေါသထွက်လွယ်သူဖြစ်သော်လည်း လူငယ်များနှင့် အလုပ်လုပ်ရာတွင် စိတ်ရှည်ခြင်းသည် မရှိမဖြစ်သောပါရမီဟု သိရှိသဘောပေါက်သောကြောင့် ဆေးမြို့သား ရဟန္တာရှင်ဖရန်စစ်အား အထူးကိုးစားခဲ့သည်။ ထို့ကြောင့် သူတည်ထောင်သောအသင်းကို ဆေးဘ် (Sales)ကို အမှီပြု၍ ဆလေးရှင်း (Salesian) အသင်းဟု အမည်ပေးခဲ့သည်။ ဆလေးရှင်းအသင်းဂိုဏ်းသည် ၁၈၆၉ခုနှစ် မတ်လ (၁)ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး လက်အောက်ခံသူတော်စင်အသင်းဂိုဏ်းတစ်ခုအဖြစ် အသိမှတ်ပြုခြင်း ခံခဲ့ရသည်။ အသက်(၁၅)နှစ်မှ (၂၁)နှစ်ကြားရှိ ကိုယ်တိုင်ပျိုးထောင်ပေးခဲ့သော လူငယ်လေး(၆)ဦးနှင့် နိုင်ငံပေါင်း (၁၃၂) နိုင်ငံတွင် ကျောင်းပေါင်း (၁၉၅၀)ကျော်ဖွင့်ကာ လူငယ်များ၏ကာယ၊ ဝိညာဉ်နှစ်ဖြာကောင်းကျိုးအတွက် ပေးဆပ်လုပ်ကိုင် နေကြပါသည်။

အသင်းဂိုဏ်း၏ ဆောင်ပုဒ်

“ဝိညာဉ်များကိုပေးပါ၊ ကျန်အရာများကို ယူသွားပါ” (Give me souls, take away the rest)

ပညာပေးစနစ်

            ဒွန်ဘော့စကိုအသုံးပြုခဲ့သည့် ပညာပေးစနစ်မှာ “ကြိုတင်ကာကွယ်မှု အခြေပြုစနစ်”ပင် ဖြစ်သည်။ ထိုပညာပေးစနစ်သည် “ဆင်ခြင်တုံတရား၊ မေတ္တာတရား၊ ဘာသာတရား” စသည့်ကျောက်တိုင်ကြီး သုံးခုအပေါ်မှာ အခြေခံထားသည်။ လူငယ်များ၏ စဉ်းစားဆင်ခြင်ဉာဏ်ကို အသုံးပြုစေပြီး၊ ဘာသာရေးအထိန်းအကွပ်အောက်မှာ ချစ်ခြင်းမေတ္တာဖြင့် ပဲ့ပြင်ထိန်းကျောင်းပေးသည်။ လူငယ်များအား ပညာပေးရာတွင် အဓိကရည်ရွယ်ချက်မှာ “ပါရမီပြည့်ဝသော ခရစ်ယာန်ကောင်းနှင့် ရိုးသားဖြောင့်မတ်သော နိုင်ငံသား” ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဆလေးရှင်းအသင်းဂိုဏ်းရောက်ရှိလာခြင်း

            ဒွန်ဘော့စကိုသည် ရဟန်းဖြစ်ပြီးမကြာမီ ၁၈၄၂ခုနှစ်တွင် တိုင်းတစ်ပါး နယ်မြေရပ်ခြားသို့ သာသနာပြုရဟန်းတစ်ပါးအဖြစ် သွားရောက်ရန်ဆန္ဒရှိခဲ့သည်။ ၁၈၃၉ခုနှစ်တွင် မာရီယား၏ သြဘလိတ် (Obkates of Mary) အသင်းဂိုဏ်းသားတို့သည် ခက်ခဲကြမ်းတမ်းသော ခရီးစဉ်ကို ဖြတ်သန်းပြီး အင်းဝနှင့်ပဲခူးသို့ ဝင်ရောက်သာသနာပြုခဲ့ကြသည်။ ၁၈၄၂ တွင် သြဘလိတ်အသင်းဂိုဏ်းအား တာဝန်အပ်နှံခဲ့သည်။ သာသနာပြုလုပ်ငန်းများသည် အသီးအပွင့်များစွာ ထွန်းကားလျက်ရှိကြောင်း သတင်းကောင်းများစွာဖြင့် ကျော်ကြားခဲ့သည်။ ဤသတင်းများက ဒွန်ဘော့စကိုအား ပိုမိုစိတ်အားထက်သန်စေခဲ့သည်။ ဒွန်ဘော့စကို၏ လှုပ်ရှားမှုများကို သတိထားမိသော သူ၏ဝိညာဉ်လမ်းညွှန် ဘုန်းတော်ကြီးဖာသာရ် ကဖါ့ဆိုက အင်္ဂလိပ်စာသင်ယူရန် ပြင်ဆင်နေသည့် ဒွန်ဘော့စကိုအား နိုင်ငံခြားသာသနာပြုလုပ်ငန်းက သင့်အတွက်မဟုတ်ဟု ပြတ်သားစွာ အကြံပေး ပြောဆိုခဲ့သည်။ ဒွန်ဘော့စကို၏ ပြင်းပြသောဆန္ဒသည် နှစ်ပေါင်းတစ်ရာခန့်ကျော်လွန်ပြီးသောအခါ လက်တွေ့အကောင်ထည်ပေါ်ခဲ့သည်။ သူ၏သားများသည် မပြည့်ဝခဲ့ရသော ဒွန်ဘော့စကို၏ဆန္ဒကို ဖြည့်စွက်ရန် ၁၉၃၉ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် မြန်မာမြေပေါ်သို့ ခြေချခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ဆလေးရှင်းအသင်းသားများ လာရောက်သာသနာပြုရန် အဓိကတွန်းအားပေးခဲ့သူမှာ ပါရီနိုင်ငံခြားသာသနာပြု အသင်းဂိုဏ်းဝင် (MEP) ပြင်သစ်လူမျိုး ဖာသာရ်လေအိုလဖုန်း ဖြစ်သည်။ မန္တလေးရှိ ဖာသာရ်လဖုန်းကျောင်း၌ မိဘမဲ့ကလေးများနှင့် ဘုန်းတော်ကြီးအစပြုထားသော သာသနာလုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ပေးရန်အတွက် ဖာသာရ်လဖုန်းမှ အိန္ဒိယနိုင်ငံဆလေးရှင်းများ၏ နယ်စီးအကြီးအကဲဖြစ်သူ မွန်စီညော် မာသီးယားစ်ထံ စာရေးကာ သူ့လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ရေးအတွက် ဆလေးရှင်းများကို စေလွှတ်ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မန္တလေးမြို့သို့ ဆလေးရှင်းများရောက်ရှိလာပြီး ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လဖုန်းကျောင်းတော်ကြီးနှင့်အတူ ဆက်စပ်နေသောအရာအားလုံးကို တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆလေးရှင်းသာသနာပြုအဖွဲ့အား ဦးဆောင်သူ ဖာသာရ်အလက်ဆီနှင့် ဆလေးရှင်း(၅) ပါးတို့ဖြင့် သာသနာလုပ်ငန်း စတင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်တွင်း ခက်ခဲသောနှစ်များအလယ်မှာ ဆလေးရှင်းသာသနာပြုများသည် မန္တလေးမြို့ လဖုန်းစက်မှု၊ လက်မှုအတတ်ပညာသင်ကျောင်းနှင့် ရန်ကုန်မြို့ သင်္ကန်းကျွန်းတွင် စာသင်ကျောင်းတို့ဖွင့်ကာ အင်တိုက်အားတိူက်ကြိုးစားလုပ်ဆောင်ခဲ့ကြရာ ၁၉၆၀ ခုနှစ်ဝန်းကျင်တွင် ဆလေးရှင်းကျောင်းများသည် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြသည်။ ၁၉၆၅ ခုနှစ်တွင် ပုဂ္ဂလိကစာသင်ကျောင်းများနှင့် သာသနာပြုအဖွဲ့အစည်းအသီးသီးမှ ဖွင့်လှစ်ထားသော ကျောင်းများအားလုံး ပြည်သူပိုင်သိမ်းခံလိုက်ရသည်။ နိုင်ငံခြားသာသနာပြု ဆလေးရှင်းများလည်း တပ်ဆုပ်ပြန်သွားခဲ့ကြသည်။ ကျန်ရစ်ခဲ့သောပြည်တွင်းဖြစ် ဆလေးရှင်းများသည် မုန်တိုင်းထန်သောနှစ်များမှာ မလျော့သောဇွဲ၊ လုံ့လများဖြင့် ဒွန်ဘော့စကို၏ စိတ်ဓာတ်နှင့် ဆလေးရှင်းလမ်းစဉ်ကို ဆက်လက်ထိန်းသိမ်းခဲ့ကြရာ ၁၉၅၇ခုနှစ်၌ ပြင်ဦးလွင် အနီးစခန်းရှိ နာဇရက်ကျောင်းတော်ကြီးအား ဖွင့်လှစ်ကာ လူငယ်များစွာအတွက် ကာယ၊ ဝိညာဉ်နှစ်ဖြာကောင်းကျိုးရစေရန် ရည်သန်၍ လုပ်ဆောင်ခဲ့ကြသည်။ ယခုဆိုလျင် မြန်မာပြည်သို့ ဆလေးရှင်းအသင်းဂိုဏ်းရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း (၈၃)နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင်ဆလေးရှင်းဦးရေ (၆၈)ပါးရှိပြီး သာသနာ (၅)ခုတွင် လူငယ်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားသာသနာတို့တွင် လူငယ်သက်မွေးပညာ သင်တန်းကျောင်းများ ဖွင့်လှစ်၍သော်လည်းကောင်း၊ အနီးစခန်း၊ ပြင်ဦးလွင်၊ သီပေါတို့၌ ဆလေးရှင်းဖြစ်လိုသူများအတွက် (Formation) သင်တန်းကျောင်းများအပြင် အနီးစခန်း၊ မြစ်ကြီးနား၊ ကလေးမြို့၊ သီပေါမြို့တို့၌လည်း ဘော်ဒါကျောင်းများဖွင့်လှစ်၍ လူငယ်များ၏ ပညာရေးအတွက် ကြိုးစားဆောင်ရွက်ကာ အမှုထမ်းပေးဆပ်လျက် ရှိသည်။ 


လိပ်စာ။ ။
Don Bosco Provincial House
စိန့်ဂျိုးဇက်၊ ဘူတာလမ်း၊
အနီးစခန်၊ပြင်ဦးလွင်မြို့။
Pho; (+95) 09 5150758
Email: donboscomym@gmail.com; socom.dbmym@gmail.com



#THE SALESIANS OF DON BOSCO (MYANMAR)
• Official title: Society of Saint Francis de Sales
• Alternative title: Salesians of Don Bosco (SDB)
• Date founded: 18 December 1859
• Founder: Saint John Bosco
• Salesians: 14,486 (14,056 without novices and bishops)
• Nations: 133
• Regions: 7
• Provinces: 90
• Groups in the Salesian Family: 32
#Who are we?
We, the Salesians of Don Bosco (SDB), founded by St. John Bosco, a  nineteenth Italian priest, and educator, but officially known as the Society of Saint  Francis de Sales, are recognized in the Church as a clerical religious institute of pontifical right, dedicated to apostolic works. We are a male religious congregation dedicated to apostolic and missionary activity and to the many works that Christian charity has given rise to, but above all at the service of young people, especially the poorest and most abandoned.

Open to the cultural values of the countries in which we work, we try to understand them and welcome their values, to embody the message of the Gospel. The needs of young people and popular groups, the desire to act with and in the  Church's name move and guide our pastoral action for the advent of a more just and more fraternal world in Christ. We are effectively present in 133 countries.

The Salesians have been in Myanmar since 1939. Salesian activity broadly expanded in reach that, as a positive consequence of this expansion, we are actively present in 5 dioceses in Myanmar, running parishes, boarding houses, training centers, and other apostolic activities. We are, at the present, 68 in number, including 1  Cardinal, 1 Bishop, and 8 novices. 

Address:
Salesians of Don Bosco-Myanmar
Don Bosco Provincial House
St. Joseph, Railway Station Road,
Anisakan, Pyin Oo Lwin, Myanmar.
Pho; (+95) 09 5150758
Email: donboscomym@gmail.com; socom.dbmym@gmail.com

Untitled Document
Total viewer: 346030